Friday, May 24, 2013

အပြောင်းအလဲမြန်တဲ့...စိတ်ရဲ့ကိုယ်...

အနောက်ဘက်ရပ်ဝန်းက

ကိုယ့်ရဲ့ကောင်းကင်ရေ

နေ့ရက်နဲ့အချိန်လွဲမှားနေတဲ့

ငါ့ခန္ဓာကတည်ငြိမ်အေးချမ်းသယောင်ရှိပေမယ့်

အရိပ်ကိုမမြင်ရတဲ့စိတ်ကယောက်ယက်ခတ်

အားမနာပါးမနာပြောလိုက်တဲ့အသံချိုချိုက

ဆက်သွယ်မှုဧရိယာပြင်ပမှာ

တောက်..တစ်ချက်ပြင်းပြင်းခေါက်ပြီး

ပြန်ကောထည့်လိုက်တယ်

အေး...ငါကလဲကမ္ဘာအရှေ့ခြမ်းမှာပါ။

နံနက်.၃ နာရီ...

ဟလို...ဟလို......

အား..နံနက်ခင်းကြီးလှပသွားပြီ

မလင်းသေးတဲ့ကောင်းကင်တောင်

အရောင်တွေတောက်ပသွားပြီ

ရှုရှိက်နေတဲ့လေထုတွေတောင်

ရနံပြောင်းသွားပြီ

ဟလို.....GOOD MORNING HONEY!

မင်းအသံမှာကိုယ်ပျော်ဝင်

တစ်သက်တာအမှတ်တရတွေ

ထင်...ထင်ချင်ပြန်ပြီပေါ့.......။

(ထက်နေခ)

No comments:

Post a Comment