Saturday, May 25, 2013

ဆက်သွယ်မှုဧရိယာပြင်ပကအချစ်မှာကျရှုံးခြင်း

"online is not a really life"

တစ်ချိန်ကမာနတစ်ကြီးနဲ့

ကြွေးကြော်ခဲ့တဲ့ငါ့လက်သုံးစကား

ခုတော့လဲငါ့နှလုံးသားလေးက

ငါသိပ်ချစ်တဲ့

အွန်လိုင်းဘုရင်မရဲ့

ထားရာနေစေရာသွား

လက်ညှိးထောင်ရင်ခေါင်းညိမ့်ပြစ်လိုက်ဖို့

အမြဲကိုအဆင်သင့်ဖြစ်နေပါရောလား

ပြောနေကြလက်သုံးစကားလေးကိုပြောင်း

မဆုံနိုင်တဲ့မျဉ်ပြိုင်နစ်ကြောင်းတောင်

မမြင်နိုင်တဲ့အကွာအဝေးမှာဆုံခွင့်ရှိသေးတာပဲ

သီအိုရီတွေအားကိုး

ငါ့ရဲ့စိတ်ခွန်အားတွေပျိုးပျိုးရင်း

ဆုံနိုင်မယ့်ရက်ကိုလက်ချိုးရေ

မဝေးတော့ဘူးပဲချစ်သူ..

(လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ

ပြန်လည်ဖြေကြားမယ့်သူမရှိပါ)

အဲ့ဒီလိုနေ့ရက်မျိုးတွေ

ငါစိတ်နဲ့ငါ့ကိုယ်ရန်ဖြစ်

ငါ့အတွေးတွေထပ်ထပ်ရစ်ပြီး

အချစ်နေမှကောင်းရဲ့လား..

အချစ်အဆင်ပြေရဲ့လား...

လား...ပေါင်းများစွာနဲ့ငါ့ရဲ့တစ်နေ့တာကုန်ဆုံး

ပင်ပန်းလိုက်ပါဘိ..

HELLO..HONEY

မင်းပျော်မယ်ဆိုကိုယ်အရာအားလုံး

အဆင်ပြေတယ်.

မင်းရင်ဘတ်တစ်ခြမ်းမအောင့်တော့ဘူးဆို

အဆင်ပြေတယ်.

မင်းနှုတ်ခမ်းမှာငါချစ်တဲ့အပြုံးလေးခိုတွယ်နေမယ်ဆို

အဆင်ပြေတယ်.

မင်းရဲ့ရင်ဘတ်ကမျက်ရည်တွေမဖန်တီးဘူးဆို

အဆင်ပြေတယ်...

ငါမင်းရဲ့အချစ်မှာအမြဲတမ်းကျရှုံးပေးမှာပါ....HONEY

I LOVE YOU HONEY.....

(ထက်နေခ)

Friday, May 24, 2013

အပြောင်းအလဲမြန်တဲ့...စိတ်ရဲ့ကိုယ်...

အနောက်ဘက်ရပ်ဝန်းက

ကိုယ့်ရဲ့ကောင်းကင်ရေ

နေ့ရက်နဲ့အချိန်လွဲမှားနေတဲ့

ငါ့ခန္ဓာကတည်ငြိမ်အေးချမ်းသယောင်ရှိပေမယ့်

အရိပ်ကိုမမြင်ရတဲ့စိတ်ကယောက်ယက်ခတ်

အားမနာပါးမနာပြောလိုက်တဲ့အသံချိုချိုက

ဆက်သွယ်မှုဧရိယာပြင်ပမှာ

တောက်..တစ်ချက်ပြင်းပြင်းခေါက်ပြီး

ပြန်ကောထည့်လိုက်တယ်

အေး...ငါကလဲကမ္ဘာအရှေ့ခြမ်းမှာပါ။

နံနက်.၃ နာရီ...

ဟလို...ဟလို......

အား..နံနက်ခင်းကြီးလှပသွားပြီ

မလင်းသေးတဲ့ကောင်းကင်တောင်

အရောင်တွေတောက်ပသွားပြီ

ရှုရှိက်နေတဲ့လေထုတွေတောင်

ရနံပြောင်းသွားပြီ

ဟလို.....GOOD MORNING HONEY!

မင်းအသံမှာကိုယ်ပျော်ဝင်

တစ်သက်တာအမှတ်တရတွေ

ထင်...ထင်ချင်ပြန်ပြီပေါ့.......။

(ထက်နေခ)

ငါ့လိုမဖြစ်ကြပါစေနဲ့ ==

ခံစားချက်ရင့်ရင့်နဲ့
ဖြတ်သန်းနေရတဲ့ဘ၀လမ်းမှာ
အချစ်နုနုလေးခလုပ်တိုက်မိပြီး
နာကျင်တဲ့ဝေဒနာဖြစ်လာတော့
ရရှိလာတဲ့ဒဏ်ရာလေး
ပျောက်ကင်းအောင်ပြုစုနေရတယ် . . .။ ။


လွန်ခဲ့သောအတိတ်က
ထွေးပွေ့မိလို့နှုညံ့တဲ့အချစ်ကို
ရင်မှာဖြစ်လာတဲ့ သာယာအသိ
ထိမိတွေ့မိတိုင်းဖြစ်ပေါ်ဘူးတယ်
ချစ်သူအသံ ချိုမြိန်တဲ့ပျာရည်မြစ်စီဆင်းသလ
ို
အနားနားလာပြီးတီတီတာတာပြောတိုင်

နာဝင်ချိုမိတယ် ...... ။ ။


အချစ်ရဲ့ တန်ပြန်သက်ရောက်မှုမသိသေးတော့လည်
တွေ့ရှိတဲ့သာယာမှုတုန်းကာလခဏမှာ တစ်ဘ၀ထင်
ယုံကြည်မိတဲ့ချစ်သူ ရဲ့ ဖောက်ဖျတ်တဲ့သစ္စာ
ချို့ယွင်းလာတဲ့ သံယောဇဉ်ကြောင့်
ခံစားနေတဲ့ရင်ဘတ်တစ်စုံအသက်ရှိေ
ပမယ့်
ဘ၀မရှိတော့တဲ့အချိန်မျိုးမှာ
ငါဆိုတဲ့ကောင်လေးတစ်ယောက်ဟာ
သံသရာတစ်ကွေကိုမမြင်မိတဲ့
ခပ်ညံ့ညံ့လူလေးတစ်ယောက်ပါ . .. . ။။


သောက်လေသောက်လေငတ်မပြေတာ
ဆာငန်ရေဖြစ်ခဲ့တော့
ဝေးလေဝေးလေကောင်းလေလေလေဆိုတာ
အချစ်ဖြစ်မယ်ထင်မိတယ်
ချစ်လျက်နဲ့အချစ်ငတ်ဘူးတဲ့ငါ့ဘဝ
ဆိုးကြီးလို
ငါချစ်တဲ့ သူငယ်ချင်းအပေါင်းသင်းတို့
ဒီဘ၀မက သံသရာမှာ လူပြန်ဖြစ်တိုင်း
ခံစားမှုညစ်ညစ်တွေ
အချစ်ကြောင့် မဖြစ်ပေါ်ပါစေနဲ့ ........ ။ ။ 


                                                     မျိုးမြင့်